သမ္မတဖြစ်သူကို အချမ်းသာဆုံး (၁၀) ဦးစာရင်းတွင် ထည့်သွင်း ဖော်ပြခံရ မှုကြောင့် တရားစွဲမည် ဟုဆို

နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ခ် ဂျိုနသန်က ၎င်းကို အာဖရိက၏ အချမ်းသာဆုံး လူပုဂ်္ဂိုလ် (၁၀) စာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည့် ၀က်ဘ်ဆိုက် တစ်ခုအား တရားစွဲဆို သွားမည် ဖြစ်ကြောင်း သတိပေး ပြောကြား လိုက်သည်။

အဆိုပါ ၀က်ဘ်ဆိုက် richestlifestyle. Com မှာ မစ္စတာ ဂျိုနသန်အား ပိုင်ဆိုင်မှု ဒေါ်လာသန်း (၁၀၀) ရှိပြီး စာရင်းတွင် နံပါတ် ခြောက် အဆင့် ရှိသည်ဟု သတ်မှတ် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သမ္မတက ထိုစာရင်းမှာ မည်သည့် တိကျသည့် အချက်အလက် ကိုမှ အခြေခံ ဖော်ပြ ခြင်း မရှိသောကြောင့် ပယ်ဖျက်ပေးရန်နှင့် စာရင်းတွင် ၎င်းကို ထည့်သွင်းခြင်းမှာ ခြစားသည့် နိုင်ငံရေးသမား တစ်ဦး အဖြစ် ပုံဖော်ရန် ကြိုးစားခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ နိုင်ဂျီးရီးယား သမ္မတရုံးမှ ထိုသို့ ကြေညာချက် ထုတ်ပြန်ပြီးနောက် ၀က်ဘ်ဆိုက်သည် မစ္စတာ ဂျိုနသန်အား စာရင်းမှ ပြန်လည် ပယ်ဖျက်ခဲ့သည်။ စာရင်းတွင် ဂျိုနသန်မှာ ဆွာဇီလန်ဘုရင် အမ်စ၀ါတီနှင့် အတူ အဆင့်ခြောက် နေရာ၌ ပိုင်ဆိုင်မှု ဒေါ်လာသန်း (၁၀၀) ဖြင့် အတူတူ ရပ်တည်ခဲ့သည်။

နိုင်ဂျီးရီးယား သမ္မတသည် ယခင်ကလည်း ၎င်း ၏ ပိုင်ဆိုင်မှုများကို ထုတ်ပြန် ကြေညာခြင်း မရှိခဲ့၍ ပြင်းထန်စွာ ဝေဖန်မှုများခံခဲ့ ရသည်။ သမ္မတရုံးက မစ္စတာ ဂျိုနသန်သည် ၁၉၉၉ တွင် ရာထူး စတင်ယူချိန်မှ စ၍ မည်သည့် ပုဂ်္ဂိုလ်ရေး ၀င်ငွေမှ မရှိကြောင်း ဆိုခဲ့သည်။ 

Source: BBC
The Messenger

0 comments:

Post a Comment