ကားမောင်းရင်း ဖုန်းပြောသူများကို လိုက်ဖမ်းသည့် စေတနာ့ ၀န်ထမ်း

ကားမောင်းရင်း ဖုန်းပြောသူများ အတွက် ယာဉ်အသွားအလာ ရှင်းချိန်ပင် ဖြစ်စေ၊ ရှုပ်ထွေးသော ယာဉ်ကြော အတွင်းမှာပင် ဖြစ်စေ အန္တရာယ်နှင့် ရင်ဆိုင်တွေ့  နိုင်ခြေသည် နီးကပ်လွန်းစွာ ရှိနေသည်။



ထိုသို့ အန္တရာယ်ကို အသိတရား မဲ့စွာ စိန်ခေါ်နေ သကဲ့သို့ ရှိကြသည့် ယာဉ်စည်းကမ်း မလိုက်နာသော ကားမောင်းရင်း ဖုန်းပြောသူ များကို ယာဉ်ထိန်းရဲ တို့ လက်ပူး လက်ကြပ် တွေ့ ရှိရန်လည်း ခက်ခဲသောကြောင့် အလွယ်တကူပင် စည်းကမ်းကို ချိုးဖောက် တတ်ကြသည်။

ယင်းကဲ့သို့ စည်းကမ်း မလိုက်နာသူ များကို စေတနာ့ ဝန်ထမ်း စိတ်ဓာတ်နှင့် စက်ဘီး တစ်စီးဖြင့် လိုက်လံကာ ကင်မရာဖြင့် မှတ်တမ်းတင် နေသူ ဒေ့ဗ်ရှာရီ ဆိုသူကြောင့် ယာဉ်ထိန်းရဲများ အတွက် တစ်တပ်တစ်အား အကူအညီ ရလျှက် ရှိသည်။

အင်္ဂလန် နိုင်ငံ လန်ဒန်မြို့မှ အသက် ၃၅ နှစ်ရှိ ဒေ့ဗ်ဆိုသူသည် စက်ဘီးစီး ဦးထုပ်တွင် တွဲလျက် တပ်ဆင်ထားသည့် ကင်မရာဖြင့် ၎င်းနေထိုင်ရာ လန်ဒန်အရှေ့  ပိုင်း အက်ဆက် အရပ်တွင် ယာဉ်အသွားအလာ များပြားချိန် လိုက်လံရိုက်ကူး မှတ်တမ်း တင်ခြင်း ဖြစ်သည်။

ကားမောင်းရင်း ဖုန်းပြောသူ များကို ဦးထုပ် ကင်မရာဖြင့် ရိုက်ကူး မှတ်တမ်းတင် ထားသည်ကို ယာဉ်ထိန်းရဲ ဌာနသို့ ပေးပို့ ခြင်း ဖြစ်သည်။ ထိုသို့ ဒေ့ဗ်က စေတနာ့ ဝန်ထမ်း အကူအညီ ပေးနေသည်မှာ နှစ်နှစ်ကျော် ကြာမျှ ရှိနေပြီး ဒေ့ဗ် ပေးပို့ သည့် ဗီဒီယို မှတ်တမ်းကြောင့် စည်းကမ်း ဖောက်ဖျက် ကျုးလွန်သူ ၆၀ ကျော်ထက် မနည်းကို ယာဉ်ထိန်း အဖွဲ့ က ဒဏ်ငွေရိုက် ခြင်းများ၊ လိုင်စင် ဖြတ်ခြင်းများ ဆောင်ရွက် နိုင်ခဲ့သည်။

ဒေ့ဗ်က ထိုကဲ့သို့ ဆောက်ရွက် လာရခြင်း၏ အကြောင်းရင်းမှာ သူ့ နှင့် သူ၏ သားငယ်တို့ လမ်းလျှောက် လာစဉ် ဖုန်းပြော၍ ကားမောင်းသူ တစ်ဦးကြောင့် ကားတိုက် မိမလို ဖြစ်ခဲ့သည်။ ထိုသို့ ဖြစ်ပြီး ရက်အနည်းငယ် အတွင်း မှာပင် နောက်ထပ် ဖုန်းပြောရင်း ကားမောင်းသူ တစ်ဦးကြောင့် ဒေ့ဗ်ကို တိုက်မိမလို ဖြစ်၍ ခုန်ရှောင် ခဲ့ရသည်။ ယင်းနောက်တွင် ကားမောင်းရင်း ဖုန်းပြောသူ များကြောင့် ယာဉ်မတော်တဆ မှုများ ဖြစ်နိုင်ခြေ များပြီး လမ်းသွားလမ်းလာ များအတွက် အလွန်ပင် အန္တရာယ် များလှကြောင်း ဒေ့ဗ်က သတိပြုမိ ခဲ့သည်။ ယင်းအား တိုက်မိမည် ကဲ့သို့ ဖြစ်ခဲ့သည့် ကားသမားကို ရဲတိုင်ခဲ့သော်လည်း သက်သေ မပြနိုင် သောကြောင့် အလုပ်မဖြစ် ခဲ့ပေ။

“ကျွန်တော် အဲဒီ ကားမောင်းသမားရဲ့ ကားနံပါတ်ပြားကို ဖြုတ်ယူ လိုက်ပြီး ရဲခေါ် တာပေါ့။ ရဲရောက် လာတော့ ကာမောင်းရင်း ဖုန်းပြောလို့ ခုလို ဖြစ် ရကြောင်း ပြောပြ တိုင်တော့ အဲဒီလူက ဗြောင်ငြင်း သွားတယ်။ ကျွန်တော်လည်း ဘာမှ မတတ်နိုင် ဘူးပေါ့။ ဒါကြောင့် ကျွန်တော် ခုလိုမျိုး ကားမောင်းရင်း ဖုန်းပြောသူ တွေကို လက်ပူးလက်ကြပ် မှတ်တမ်းတင် နေတာပဲ ဖြစ်ပါတယ်”ဟု ဒေ့ဗ်က ပြောခဲ့သည်။

Ref: Daily Mail
by Mizzima News

0 comments:

Post a Comment