Pop နဲ့ Rock သီချင်းတွေ အများစုပါ မယ့် ခင်ဇာခြည်ကျော် ရဲ့ တစ်ကိုယ်တော် အခွေ

ဒါရိုက်တာ မင်းအုပ်စိုး ရိုက်ကူးတဲ့ “လူရွှင်တော်အိပ်မက်” ရုပ်ရှင်ဇာတ် ကားကြီးမှာ မင်းအုပ်စိုး နဲ့ အတူ ခင်ဇာခြည်ကျော် ကပါဝင် သရုပ်ဆောင် ထားပါ တယ်။ ဒီဇာတ်ကား ရိုက်ကူး ရတဲ့ ရည်ရွယ်ချက်က မြန်မာ့ ဆိုင်းပညာကို ကမ္ဘာ က သိစေဖို့နဲ့ မတိမ်ကော မပပျောက်စေဖို့၊ မြန်မာ့ရိုးရာ လူရွှင်တော် များကို တန်ဖိုး ထားလေး စား မိစေဖို့၊ လူရွှင်တော် တစ်ဦးရဲ့ စိတ် ခံစားမှုနဲ့ လူနေမှုဘဝကို ကွက်ကွက် ကွင်းကွင်း ဆင်ခြင်မိစေဖို့ အတွက် ရည်ရွယ် သလို၊ လူရွှင်တော် တစ် ယောက် ဖြစ် ချင်တဲ့ ကောင် လေး တစ်ယောက် ရဲ့ စိတ်ခံစားမှု ကို ရိုက်ကူးထားတဲ့ ဇာတ်လမ်း အမျိုး အစား ဖြစ်ပါတယ်။ “လူရွှင်တော် အိပ်မက်”ရုပ်ရှင် ဇာတ်ကား မှာ ပါ ဝင် သရုပ်ဆောင် ထားတဲ့ ခင် ဇာခြည်ကျော်က “ဆိုင်းနောက် ထ တစ်ယောက်၊ လူရွှင်တော် တစ်ယောက် ဖြစ်ရတာ မလွယ်ဘူး။ သူတို့ ရဲ့ ပညာရပ်ကို ပရိသတ် ကြည့် ရင်သာ လွယ်မလိုလိုနဲ့ တကယ်တော့ ခက်ခဲတယ်။ သူတို့ရဲ့ နောက်ကွယ် ကမှ ဘယ်လိုတွေ လေ့လာ ရတယ် ဆိုတဲ့ စရိုက် သဘာဝတွေ ကို ရိုက်ပြ ထား တာပါ။ မြန်မာ့ ယဉ်ကျေးမှု ထဲမှာ ဒီဆိုင်း နောက် ထ ပညာ ကလည်း တော်တော် ခက်ခဲ နက်နဲတယ် လို့ ထင်ပါတယ်။ ဒါ ကြောင့် အစ်မက ပညာတိုင်း ကို လေး စားပါ တယ်။ တကယ့် တကယ်တမ်း ဒီကားလေးမှာ ပါဝင်သရုပ် ဆောင် ရတဲ့အခါမှာပေါ့။ ကိုယ်လည်း သူတို့ရဲ့ သီချင်းတွေ၊ အကတွေ၊ သဘာဝတွေ ကို အခုမှသိရ တာလေ။ သိရတဲ့ အခါမှာ သူတို့ရဲ့ပညာတွေက တကယ့်ကို လေးနက် ပါလား။ ခက်ခဲပါ လားပေါ့။ အဲဒီတော့ ပညာလည်း ရ တယ်”လို့ ပြောပါတယ်။ ဒီဇာတ်ကား ကြီးကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ရုံတင်ပြသ သွားမှာ ဖြစ်ကြောင်း သိရပါ တယ်။ လတ်တလော မှာလည်း ကားရိုက်တွေ ရှိပြီး တစ်ဖက်မှာ လည်းသူ့ရဲ့ သီချင်းခွေ အတွက် ပြင်ဆင် နေကြောင်းကို ခင်ဇာခြည်ကျော်က “သီချင်း တွေ စုနေတုန်းပဲ ရှိသေးတယ်။ အစက ဒီ ၂ဝ၁၄မှာ ထွက်ဖြစ်အောင် ထွက်မယ် လို့ ရည်ရွယ်ချက် ထားတာ ပေါ့။ ဒါပေမဲ့ Target က မပြည့်နိုင်သေး ဘူးပေါ့။ ပေါ့ပ် နဲ့ ရော့ခ် ဂီတကို ကြိုက်တော့ အဲဒီသီချင်းတွေ အများစုပါ ဝင်မယ် ထင်ပါတယ်” လို့ ပြောပါ တယ်။

0 comments:

Post a Comment