နိုင်ဂျီးရီးယား အချက်အချာမြို့တွင် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု အတည်ပြု


နိုင်ဂျီးရီးယားနိုင်ငံဟာ ရေနံဆိပ်ကမ်း အချက်အချာမြို့မှာ တတိယအကြိမ် မြောက် အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုကို စက်တင်ဘာ ၁ ရက်နေ့က အတည်ပြု ခဲ့ပါတယ်။

ဒါကြောင့် နိုင်ငံတွင်း အတည်ပြုထားတဲ့ ကူးစက်မှုစုစုပေါင်း ၁၆ ခုရှိပြီး လူအယောက် ၂၀၀ လောက် ကို စောင့်ကြည့်နေ တယ်လို့ ကျန်းမာရေး ဝန်ကြီးက ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးက အမျိုးသားကျန်းမာရေးကော်မရှင်နာတွေနဲ့ အရေးပေါ် အစည်းအဝေးကို စက်တင်ဘာ ၁ ရက်နေ့က အဘူဂျာမြို့မှာ ကျင်းပပါတယ်။

လာဂို့စ်ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ လူသားချင်းစာနာမှု စိုးရိမ်ချက်တွေကို နားလည်ချီးကျူးပေမယ့် အီဘိုလာကို ကိုင်တွယ်ရတဲ့ ပြဿ နာက ရောဂါပိုးမွှားပညာရှင်နဲ့ အီဘိုလာရေးရာ ကျွမ်းကျင်ပညာရှင် မရှိတာပဲလို့ ပြောပါတယ်။

အနောက်အာဖရိကမှာ အခုတကြိမ် အီဘိုလာ ကူးစက်မှုဟာ ကမ္ဘာ့အဆိုးရွား ဆုံးပါ။ လူ ၁၅၅၀ သေဆုံးခဲ့ပြီး နောက်ထပ် လူ ၂ သောင်းလောက်ကို ထပ်ပြီး ကူးစက်နိုင်သေးတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

DVB

0 comments:

Post a Comment