3D Printer နဲ့ ဦးခေါင်းခွံ တစ်ခြမ်းကို ခွဲစိတ်ကုသမှု ပြုလုပ်မဲ့ တရုတ် အမျိုးသားတစ်ဦး



3D Printer နဲ့ ဦးခေါင်းခွံတစ်ခြမ်းကို ခွဲစိတ်ကုသမှုပြုလုပ်မဲ့ သူကတော့ ဟူ လို့ အမည် ရတဲ့ ဦးခေါင်းခွံ တစ်ခြမ်းထဲသာ ရှိတဲ့ အသက် ၄၆ နှစ် အရွယ်ရှိ တရုတ်နိုင်ငံရဲ့ လယ်သမားတစ်ဦးဖြစ်ပါတယ်။
တရုတ်အမျိုးသား ဟူဟာ အဆောက်အဦး တစ်ခုမှာ မတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ရာမှ သူ့ရဲ့ ဦးခေါင်းခွံဟာ မြင်ရသူအဖို့ စိတ်မချမ်းသာ စရာ ဖြစ်စေအောင်ပဲ အခုလို ဦးခေါင်းခွံ တစ်ခြမ်းထဲသာ ရှိနေတယ်လို့ သိရပါတယ်။
ယခုမှာတော့ ဟူဟာ သူရဲ့ ဦးခေါင်းခွံတစ်ခြမ်းကို 3D Printer နဲ့ ခွဲစိတ်ကုသမှု ပြုလုပ်တော့မှာ ဖြစ်ပြီး ခွဲစိတ်ကုသမဲ့နေရာကတော့ တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိတဲ့ Xijing ဆေးရုံမှာ ပဲ ဖြစ်ပါတယ်။
ဟူရဲ့ ဦးခေါင်းကို ခွဲစိတ်ကုသရာမှာ အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်သွားရန် အများက မျှော်လင့်နေကြပါတယ်။
ဦးခေါင်းတစ်ခြမ်း ထဲသာရှိတဲ့ တရုတ် အမျိုးသား ဟူက တော့ သူရဲ့ ဦးခေါင်းခွံကို 3D Printer နဲ့ ခွဲစိတ်ကုသမှု ခံယူရာမှာ အောင်မြင်နိုင်မယ် လို့ မျှော်လင့်နေပါတယ်။
Ref : Daily Mirror

0 comments:

Post a Comment