အစ္စလာမ္မစ် စစ်သွေးကြွ IS အဖွဲ့က အီရတ်သတင်းဌာနမှ ရုပ်သံကင်မရာရိုက်ကူးသူ ဂျာနယ်လစ်တစ်ဦးနှင့် အခြားသူ ၁၂ ဦးကို ဘဂ္ဂဒက်မြို့မြောက်ပိုင်းရှိ ရွာများနှင့် မြို့များတွင် အောက်တိုဘာ ၁၀ ရက်က သတ်ဖြတ်လိုက်ကြောင်း အသတ်ခံရသူများ၏ ဆွေမျိုးများနှင့် မျက် မြင် သက်သေများက ပြောကြားသည်။
အီရတ်မြောက်ပိုင်းမှ ကာဒ့်တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ အေအက်ဖ်ပီ
အီရတ် ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Sama Salaheddin မှ အသက် ၃၇ နှစ် အရွယ် ရုပ်သံ ရိုက်ကူးသူ ရာအက် အာဇာဝီ၊ သူ၏ ညီတစ်ဦးနှင့် အခြား အရပ်သား နှစ်ဦးတို့ကို တီကရစ်မြို့ အရှေ့ပိုင်း ဆမ်မရာ ရွာတွင် စစ်သွေးကြွ များက သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နယ်စည်းမခြား သတင်းထောက်များ ဖွဲ့၏ ပြောကြားချက် အရ ကလေး သုံးယောက် တို့၏ ဖခင်ဖြစ်သူ အာဇာဝီကို စစ်သွေးကြွ များက စက်တင်ဘာ ၇ ရက်ကပင် ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အာဇာဝီက စစ်သွေးကြွများ အတွက် အလုပ်လုပ် မပေး သောကြောင့် ၎င်းအား သတ်ပစ်မည်ဟု IS တို့က ခြိမ်းခြောက် ခဲ့ကြောင်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
IS အဖွဲ့သည် အီရတ်အစိုးရနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲခံရသူ များအား သတ်ဖြတ်ခဲ့ပြီး ဖြစ်ကာ အောက်တိုဘာ ၁၀ ရက်က သတ်ဖြတ် ခံခဲ့ရသူ များမှာ Is အဖွဲ့အား ဆန့်ကျင်သည့် အရပ်သား ဆွန်နီ ဘာသာဝင်များ ဖြစ်ကြောင်း သိရသည်။
Ref:AFP
Mizzima News
No comments:
Post a Comment