ဒီဇင်ဘာလအတွင်း ကမ္ဘာကြီး ၆ ရက်ကြာ အမှောင်ကျ သွားမည်ဟု အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေ

နေမုန်တိုင်းထန်ခြင်း ဖြစ်စဉ် သရုပ်ဖော်ပုံ။နေမုန်တိုင်း ထန်ခြင်း ဖြစ်စဉ် တစ်ရပ်ကြောင့် လာမည့် ဒီဇင်ဘာလ အတွင်း ကမ္ဘာကြီးမှာ ခြောက်ရက်ကြာ အမှောင်ဖုံးလွှမ်း သွားလိမ့်မည် ဆိုသည့် အွန်လိုင်း ပေါ်တွင် ပျံ့ နှံ့ လျက် ရှိသည့် သတင်းတစ်ရပ်နှင့် ပတ်သက်ပြီး နာဆာက ငြင်းပယ် လိုက်သည်။ 

ဖျော်ဖြေရေး ဝက်ဘ်ဆိုက် Huzlers.com တွင် "၂၀၁၄ ဒီဇင်ဘာလ အတွင်း ကမ္ဘာတွင် ခြောက်ရက်ကြာ လုံးဝ အမှောင်အတိ ကျသွားမည် ဟု နာဆာ အတည်ပြု"ဟူ၍ သတင်း တစ်ပုဒ် ဖော်ပြခဲ့ရာ ယင်းသတင်း အွန်လိုင်းပေါ် ရောက်ချိန်မှ စပြီး သတင်းမှန် သတင်းစစ် အဖြစ် ယုံကြည် ပျံ့ နှံ့ မှုများ ကျယ်ပြန့် သွားခဲ့သည်။

"ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၁ ရက် အထိ ကမ္ဘာမြေ ပေါ်မှာ ခြောက်ရက်ကြာ လုံးဝ မှောင်သွား လိမ့်မယ်။ နေမုန်တိုင်းထန် ဖြစ်စဉ် ပေါ်ပေါက် မှာ ဖြစ်လို့  ဖုန်နဲ့ စကြဝဠာ အမှိုက် သရိုက်တွေ ပြည့်သိပ်ဖုံးလွှမ်း သွားမှာ ဖြစ်တဲ့အတွက် ၉၀ ရာခိုင်နှုန်း နေအလင်းရောင် ပျောက် သွားမှာ ဖြစ်တယ်လို့  နာဆာက အတည်ပြု ထားပါတယ်"ဟု ယင်း Huzlers.com သတင်းတွင် ဖော်ပြသည်။

Huzlers.com ၏ ဖော်ပြချက်ကို နာဆာက တုံ့ ပြန် ရှင်းလင်းမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး အေဂျင်စီက မည့်သည့် တရားဝင်ပြောဆိုမှုမှ ထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုယ်ပိုင် ဝက်ဘ်ဆိုက်တွင် ပြန်လည် ဖော်ပြလိုက်သည်။ ထို့ပြင် Huzlers.com ဝက်ဘ်ဆိုက်ကိုယ်တိုင် ကလည်း ၎င်းတို့ ဝက်ဘ်ဆိုက်သည် အပျော်ဖတ် သတင်းသာများ၍ အလေးအနက် မထားကြရန် ပွင့်ပွင့်လင်းလင်းပင် ဖော်ပြခဲ့သည်။

Ref: Zee News

Mizzima

No comments:

Post a Comment