အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ တွင် အနိုင် ရရှိခဲ့သော ဂျကာတာ မြို့တော် အုပ်ချုပ်ရေးမှူး ဟောင်း ဂျိုကိုဝီဒိုဒို သည် နိုင်ငံ၏ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား ကို ပါလီမန် လွှတ်တော်တွင် ယမန်နေ့ က ကျင်းပ ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံ၏ ခုနစ်ဦးမြောက် သမ္မတ အဖြစ် တာဝန် ထမ်းဆောင်မည့် ဂျိုကိုဝီဒိုဒို (ပုံ) ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနား သို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့တ် နှင့် အခြားနိုင်ငံ များမှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ဝီဒိုဒို သည် နိုင်ငံ၏ သမ္မတ တာဝန်ကို တတ်စွမ်းသလောက် ကျေပွန်အောင် ထမ်းဆောင် သွားမည်ဖြစ်ပြီး တရားမျှတစွာ အုပ်ချုပ် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
သမ္မတ အဖြစ် ငါးနှစ်သက်တမ်း တာဝန် ထမ်းဆောင်မည့် ဝီဒိုဒို သည် နိုင်ငံအတွင်း လျော့ရိလျော့ရဲ ဖြစ်နေသော ဖွံ့ဖြိုး တိုးတက်မှု များကို တိုးမြှင့် လုပ်ဆောင် သွားရေးနှင့် ဘဏ္ဍာရေး အခက်အခဲ များကို ဖြေရှင်းရေး စသည့် ကြီးမားသော စိန်ခေါ်မှုများ နှင့်လည်း ရင်ဆိုင်ရဖွယ် ရှိကြောင်း သိရသည်။
ထို့ပြင် နိုင်ငံအတွင်းရှိ လူဦးရေ သန်း ၂၄ဝ ခန့်၏ လူနေမှုဘဝ ကိုလည်း တိုးတက် ကောင်းမွန်အောင် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ဝီဒိုဒို က ကတိပြု ပြောကြား ခဲ့ကြောင်း သိရှိရသည်။
PyiChitThar

No comments:
Post a Comment