
အီရတ်နိုင်ငံရှိ ဒေသအချို့ကို သိမ်းပိုက်ထားပြီး အစ္စလာမ္မစ် နိုင်ငံတည်ထောင်
ထားသည့် ISIS အဖွဲ့သည် အမေရိကန်ဂျာနယ်လစ် တစ်ဦးကို အဆုံးစီရင်မှု ထပ်မံပြု လုပ်လိုက်သည်ဟု အမေရိကန် နေ့စဉ်သတင်းဌာနက ယနေ့ဖော်ပြ သည်။ ISIS အဖွဲ့သည် သြဂုတ် လအတွင်းက အမေရိကန်ဂျာနယ် လစ်တစ်ဦးဖြစ်သောဂျိမ်းစ်ဖိုလေး ကို ခေါင်းဖြတ်သတ်၍အဆုံးစီရင် ကာ အမေရိကန်နိုင်ငံအား ¤င်းတို့ အဖွဲ့ကို ပစ်မှတ်ထားခြင်းမလုပ်ရန် သတိပေးခဲ့သော်လည်း လိုက်နာ ခြင်းမရှိ၍ ဒုတိယအကြိမ် သတိ ပေးသည့်အနေဖြင့် အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သော စတီ ဗင်ဆော့လော့ဖ်ကို အဆုံးစီရင် လိုက်ခြင်းဖြစ်သည်ဟု သတင်း ထုတ်ပြန်သည်။
အဆုံးစီရင်ခြင်းခံလိုက်ရသော စတီဗင်ဆော့လော့ဖ်သည် အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၂ဝ၁၃ ခုနှစ်ကဆီးရီးယားနိုင်ငံတွင် အစွန်း ရောက်စစ်သွေးကြွအဖွဲ့များက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စတီဗင်ဆော့လော့ဖ် ကို အဆုံးစီရင်ခဲ့ပုံအားရိုက်ကူးထား သည့် ဗီဒီယိုဖိုင်ကို ISIS အဖွဲ့က အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိခဲ့ခြင်းဖြစ် ပြီး အချိန်နှစ်မိနစ်နှင့် စက္ကန့် ၃ဝ ကြာမြင့်သည့် ဗီဒီယိုဖိုင်ဖြစ်သည် ဟုဆိုသည်။ ယခုတစ်ကြိမ်တွင် လည်း အဆုံးစီရင်မှုပြုလုပ်ခဲ့သူမှာ စကားပြောဟန်များအရ ဂျိမ်းစ်ဖို လေးကို အဆုံးစီရင်သူဖြစ်ဖွယ်ရှိ သည်ဟုဆိုသည်။
ဗီဒိုယိုဖိုင်အတွင်း၌ စတီဗင် ဆော့လော့ဖ်ကို အဆုံးစီရင်မှု မပြု လုပ်မီ အဆိုပါ ISIS အဖွဲ့ဝင်က ''အိုဘားမားကို ဒုတိယအကြိမ် သတိပေးချင်လို့ အခုလိုထပ်လုပ်ရ တာဖြစ်ပါတယ်။ အိုဘားမားကို လေးလေးနက်နက်သတိပေးလိုတဲ့ အချက်က အထက်စီးဆန်တဲ့ အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒကို ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့ကိစ္စတွေ မှာ မကျင့်သုံးမိဖို့ပါဘဲ။ ဒါဟာပြင်း ထန်တဲ့သတိပေးချက်ဖြစ်ပါတယ်'' ဟုပြောသည်။ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနကအဆိုပါကိစ္စ နှင့်ပတ်သက်၍ သတင်းထုတ်ပြန် ရာတွင် ISIS အဖွဲ့၏ လူမဆန်သော လုပ်ရပ်များအတွက် တုံ့ပြန်ရန် အမြန်ဆုံးအဖြေရှာသွားမည်ဟု ဖော်ပြခဲ့သည်။
NG(Ref;USA Today)
The Union Daily
No comments:
Post a Comment