သြဂုတ်လ၏ ပရီမီယာလိဂ်အကောင်းဆုံးဆု ကော်စတာဆွတ်ခူး


တိုက်စစ်မှူး ဒီယေဂိုကော်စတာသည် သြဂုတ်လ အတွင်းကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်များတွင် ချယ်လ် ဆီးအသင်းနှင့်အတူ အကောင်း ဆုံးခြေစွမ်းပြကစားနိုင် ခဲ့ခြင်းကြောင့် ပရီမီယာလိဂ်၏ သြဂုတ်လတစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့သည်။
ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ချယ်လ်ဆီးအသင်းနှင့်အတူ သြဂုတ်လအတွင်း ယှဉ်ပြိုင် ကစားခဲ့သည့် ပရီမီယာလိဂ်ပွဲစဉ်သုံးပွဲတွင် လေးဂိုးအထိ သွင်းယူထားနိုင်ခဲ့သူဖြစ်သည်။ ကော်စတာသည် အက်သလက်တီကိုမက်ဒရစ်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချယ်လ်ဆီး အသင်းနှင့်အတူ ပွဲထွက်ကစားခဲ့သည့် ပွဲစဉ်များထဲတွင် အဲဗာတန်အသင်းအား ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ သည့်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း အတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်သောကြောင့် ပရီမီယာလိဂ်၏ သြဂုတ် တစ်လတာ အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ဆွမ်ဆီးအသင်းနည်းပြ ဂယ်ရီမွန့်သည်လည်း ပရီမီယာလိဂ် ပြိုင်ပွဲတွင် ဆွမ်ဆီးအသင်းအား သုံးပွဲအနိုင်ကစားနိုင်ရေး စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် တစ်လတာအကောင်း ဆုံးဆု ဆွတ်ခူးနိုင်ခဲ့သည်။

The Mirror Daily

No comments:

Post a Comment