ထိုင်းနိုင်ငံ အပန်းဖြေစခန်းတစ်ခုတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရ


ထိုင်းနိုင်ငံရှိ အပန်းဖြေစခန်း တစ်ခု ဖြစ်သည့် ခိုတောင်းကျွန်း ၌ ယမန်နေ့တွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံ ရကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာ ခဲ့သည်။

အသတ်ခံ ရသည့် ဗြိတိန်နိုင်ငံသား များမှာ အသက် ၂၃ နှစ်ရှိ အမျိုးသမီး တစ်ဦးနှင့် ၂၄ နှစ်ရှိ အမျိုးသား တစ်ဦး တို့ဖြစ်ပြီး ၄င်းတို့ ၏ ရုပ်အလောင်း များကို အဆိုပါ ကျွန်းပေါ်ရှိ ဆိုင်းရီး ကမ်းခြေပေါ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ အသတ်မခံ ရမီက အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရဖွယ် ရှိကြောင်းနှင့် သူမ၏ ရုပ်အလောင်းမှ လေးမီတာခန့် အကွာတွင် အမျိုးသား၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ ခဲ့သည်ဟု ဗန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြ ထားသည်။

၎င်းတို့ နှစ်ဦးသည် ဒေသ စံတော်ချိန် နံနက် ၄ နာရီနှင့် ၅ နာရီ အကြားတွင် အသတ်ခံ ခဲ့ရခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။ အခင်း မဖြစ်ပွားမီ စက်တင်ဘာ ၁၄ ရက် ညပိုင်းက အဆိုပါနေရာ အနီးတွင် နိုင်ငံခြားသား ဧည့်သည် ၅ဝ ဦးခန့်သည် ကမ်းခြေ ပါတီပွဲ တစ်ခုကို ယမန်နေ့ အစောပိုင်း အချိန်အထိ ကျင်းပခဲ့ ကြကြောင်း ဒေသခံများက ရဲတပ်ဖွဲ့ကို ပြောပြခဲ့သည်။

ထို့ပြင် ရုပ်အလောင်း များမှမီတာ ၅ဝ ခန့် အကွာတွင် လူသတ်ရာ၌ အသုံးပြုခဲ့သည့် လက်နက်ကို အာဏာပိုင် များက ရှာဖွေတွေ့ ရှိခဲ့ပြီး ယခုအခါ လူသတ်သမား များကို ရဲတပ်ဖွဲ့ နှင့် ဒေသခံများကဝိုင်းဝန်း ရှာဖွေလျက် ရှိကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment