ကိုယ်ဝန်ဆောင်စဉ် ကာလ၌ ပျို့အန်တတ်သည့် မိခင်များ၏က လေးငယ်များသည် ကျန်းမာရေး ကောင်းမွန်ကြပြီး ဉာဏ်ရည်ပိုမိုဖွံ့ဖြိုး ကြကြောင်း လေ့လာမှုတစ်ခုအရသိရ သည်။ ကိုယ်ဝန်ကျန်းမာရေးကောင်း မွန်ခြင်းကြောင့် ၎င်းင်းနှင့်ဆက်စပ်သော ဟော်မုန်းများ မြင့်တက်လာပြီး ပျို့ အန်ရခြင်းဖြစ်သည်ဟု သုတေသီများ ကဆိုသည်။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အ ခြေစိုက်ကလေးဆေးရုံမှ သုတေသီ များသည် ၁၉၉၂ခုနှစ်မှ ၂၀၁၂ခုနှစ် အတွင်း နိုင်ငံ ငါးနိုင်ငံမှ သုတေသန ဆယ်ခု၏ အချက်အလက်များကိုထပ် မံလေ့လာမှုများ ပြုလုပ်ခဲ့ရာ ကိုယ်ဝန် ဆောင်အမျိုးသမီး (၈၅၀၀၀၀) ဦးပါ ၀င်ခဲ့သည်။
သုတေသန တွေ့ရှိချက်များ အရ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်သူ မိခင်များတွင် လမစေ့မီမွေးဖွားခြင်း အဖြစ်နည်းသည်ကိုတွေ့ရသည်။
ကိုယ်ဝန်ဆောင်ချိန် ပျို့အန် ခြင်းမရှိသူမိခင်များ၌ ကိုယ်ဝန်ပျက် ကျနိုင်သည့် အန္တရာယ်မှာ သုံးဆပိုမို မြင့်မားသည်ကို တွေ့ရသည်။
ပျို့အန်သူမိခင်များတွင် ကလေး ငယ်မွေးရာပါချွတ်ယွင်းမှု (၃၀)ရာ ခိုင်နှုန်းမှ (၈၀)ရာခိုင်နှုန်း ပိုမိုလျော့ နည်းလေ့ရှိသည်။
ကိုယ်ဝန်ဆောင်ချိန် ပျို့အန် တတ်သည့် မိခင်မှမွေးဖွားလာသည့် ကလေးများတွင် ဉာဏ်ရည်စစ်ဆေးမှု ပြုလုပ်သည့်အခါ အခြားကလေးများ ထက် IQ ဘာသာစကားစွမ်းရည်နှင့် အထွေထွေအပြုအမူတို့ ပိုမိုဖွံ့ဖြိုး လျက်ရှိသည်။
““ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တတ်တဲ့ အမျိုးသမီးတွေကို ၎င်းင်းတို့ခံ စားနေရတဲ့ ဝေဒနာတွေဟာ ကလေးငယ်ကျန်းမာရေး ကောင်းမွန်တာကို ပြဆိုတယ်ဆိုတဲ့အကြောင်း အားပေးရပါမယ်”” ဟု ဦးဆောင်သုတေသီ Gideon ကဆိုသည်။
Credit : Health Updates Journal

No comments:
Post a Comment