နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့တွင် လက်ရှိနိုင်ငံရေးအကျပ်အတည် များကို လေးပွင့်ဆိုင် တွေ့ဆုံဖြေရှင်းပေးရန် ABDDF တပ်ရင်း ၂၀၇ ရဲဘော်ဟောင်း ကိုဇော်မြင့်(ခ) ဇော်ကြီး က အပြည်ပြည်ဆိုင်ရာငြိမ်ချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒပြချိန် ၁၅ မိနစ် ဝန်းကျင်အတွင်း ပျဉ်းမနားမြို့မရဲစခန်းက တာဝန်ရှိသူ များက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့သည်အတွက် ထိန်းသိမ်းသွားသည်။
အဆိုပါရဲစခန်းက မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကို လက်တစ်လော ထုတ်ပြန်ပေးနိုင်ခြင်းမရှိပေ။
ဆန္ဒဖော်ထုတ်မှုကို ဗိုတောက်ခင်လမ်း Rain လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်လမ်းလျှောက်ခဲ့ပြီး ရွှေချည်နှစ်လမ်းအတိုင်း လမ်းလျှောက်စဉ် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ လမ်းလျှောက်ခြင်းဖြစ်သည်ဟုလည်း ကိုဇော်မြင့်က ဆိုသည်။
Mizzima

No comments:
Post a Comment