ဂျပန်နိုင်ငံကို ပထမဆုံး အကြိမ် ရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေး တို့ဟာ ဂျပန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ အကြား လုံခြုံရေးနဲ့ စီးပွားရေး ပူပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် သဘောတူညီ ခဲ့ကြပါတယ်။
ခေါင်းဆောင် ၂ ယောက် တိုကျိုမှာ တွေ့ဆုံ အပြီး ကြေညာချက် ထုတ်ပြန်ရာမှာ ရေကြောင်း လုံခြုံရေး ဆိုင်ရာ ကတိကဝတ်တွေ အတွက် ထပ်လောင်း ပြောကြား ခဲ့ကြသလို လာမယ့် ၅ နှစ် အတွင်း အိန္ဒိယမှာ ဂျပန်ရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၂ ဆ တိုးဖို့ကိုလည်း သတ်မှတ်ခဲ့ကြပါတယ်။
နျူကလီးယား စွမ်းအင် ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ အရှိန်မြှင့် လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။
နာရန်ဒရာ မိုဒီဟာ တနင်္ဂနွေနေ့က ဂျပန်ကို ရောက်ရှိလာတာ ဖြစ်ပြီး ဒီခရီးစဉ်ဟာ မေလက မိုဒီ ဝန်ကြီးချုပ် ဖြစ်လာပြီး နောက်ပိုင်း သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။
BBC Burmese

No comments:
Post a Comment