အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနအနားမှာ စက်တင်ဘာ ၂၁ ရက်နေ့က ဗုံးတလုံးပေါက်ကွဲခဲ့လို့ ရဲအရာရှိ ၂ ဦး သေဆုံးပြီး လူအတော်များများ ဒဏ်ရာရခဲ့ပါတယ်။ဒါဟာ ၃ လနီးပါးအတွင်း မြို့တော် ကိုင်ရိုမှာ အပြင်း
ထန်ဆုံး တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။
ရဲမှူးကြီး ၂ ဦး သေဆုံးရတဲ့ ဒီတိုက်ခိုက်မှုအတွက် ဘယ်သူလုပ်တယ် ဆိုတာ မသိရသေးပါဘူး။
အမေရိ ကန်ကျောထောက်နောက် ခံ ပေးထားတဲ့ အစိုးရကို ဖယ်ရှားရေး ကြိုးစားနေတဲ့ အစ္စလာမ္မစ် သူပုန်တွေက လုပ်တယ်လို့ ယူဆနေကြပါတယ်။
အီဂျစ်ဟာ စစ်တပ်က သမ္မတ မိုဟာ မက်မာစီကို မနှစ်က ရာထူးချအပြီး သူ့ရဲ့မွတ်စလင် ညီနောင်များအဖွဲ့လှုပ်ရှားမှုကို နှိမ်နင်းခဲ့ပြီးတည်းက အစ္စလာမ္မစ် စစ်သွေးကြွ အကြမ်းဖက်မှုတွေ တိုးလာတာ ရင်ဆိုင်နေရပါတယ်။
အစ္စလာမ္မစ်ပြည်ထောင်စုအဖွဲ့ (အိုင်အက်စ်) စစ်သွေးကြွတွေဟာ အီဂျစ်က အန္တရာယ် အကြီးဆုံးစစ်သွေးကြွအဖွဲ့ကို လမ်းညွှန်မှုတွေ လုပ်နေတယ်လို့ လုံခြုံရေးအရာရှိ စစ်ဦးစီးမှူးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
မွတ်စလင်ညီနောင်များအဖွဲ့ကို အာဏာက ဖယ်ထုတ်ခဲ့တဲ့ စစ်ခေါင်းဆောင် ဟောင်းနဲ့ လက်ရှိသမ္မတ အဘ်ဒယ် ဖာတာ အယ်လ်စီစီကတော့ အရှေ့ အလယ်ပိုင်းက တခြားအစိတ်အပိုင်းတွေနဲ့ အီဂျစ်က အကြမ်းဖက်မှုတွေကို စိုးရိမ်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ပါတယ်။
DVB

No comments:
Post a Comment