ဂျေရုဆလမ် ၊ ၁၉-၉-၂၀၁၄
ဆီးရီးယား နိုင်ငံသည် ၄င်းတို့၏ ဓာတုလက်နက် ထုတ်လုပ် နိုင်သည့် ကုန်ကြမ်း ပစ္စည်းများကို ပြည်ပ နိုင်ငံများ၌ ဖျက်ဆီးပစ်ရန် အတွက် လွှဲပြောင်း ပေးအပ် ခဲ့သော်လည်း နိုင်ငံအတွင်း အသင့် အသုံးပြု တိုက်ခိုက် နိုင်သည့် ဓာတုလက်နက်များ ကို ဆက်လက် ထိန်းသိမ်း ထားလျက် ရှိသည်ဟု အစ္စရေး အစိုးရအဖွဲ့မှ အရာရှိ တစ်ဦးက ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရ သိရသည်။
ဆီးရီးယား အစိုးရသည် ၄င်းတို့၏ ဓာတုလက်နက် ထုတ်လုပ်သည့် ပစ္စည်းများကို ပြည်ပသို့ လွှဲပြောင်း ပေးခဲ့သော်လည်း ဆာရင် ဓာတ်ငွေ့ ကဲ့သို့သော အဆိပ်ဖြစ်စေသည့် လက်နက်များ နှင့် ဒုံးကျည် ထိပ်ဖူးများကို ဆက်လက် ထိန်းသိမ်း ထားလျက် ရှိသည်ဟု ထောက်လှမ်းရေး သတင်းများ အရ ယူဆရကြောင်း အမည်မဖော် လိုသူ အစ္စရေး အရာရှိက ထပ်လောင်း ပြောကြား ထားသည်။
ဆီးရီးယား နိုင်ငံသည် အဆိုပါ လက်နက်များကို အနာဂတ်တွင် ဖြစ်ပေါ် လာနိုင်သည့် လက်နက်ကိုင် ပဋိပက္ခများတွင် အသုံးပြု နိုင်ဖွယ် ရှိကြောင်း နှင့် ယင်း လက်နက်များ ကို အသုံးပြုခြင်း သည် အန္တရာယ် ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ အစ္စရေး အစိုးရက အခိုင်အမာ ယုံကြည်လျက် ရှိသော်လည်း ဆီးရီးယား အစိုးရလက်တွင် အဆိုပါ လက်နက်မည်မျှ ကျန်ရှိ နေသည်ကို အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ဆီးရီးယားနိုင်ငံ အတွင်း ၂ဝ၁၃ ခုနှစ် ဧပြီလ အတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု အတွင်း အဆိပ် ဖြစ်စေသည့် ဓာတုလက်နက် များကို အသုံးပြုခဲ့သည့် သက်သေ အထောက်အထား များကို ရှာဖွေ တွေ့ရှိပြီးနောက် ဆီးရီးယား အစိုးရသည် ယင်း လက်နက်များကို ပိုင်ဆိုင် ထားကြောင်း ပထမဆုံး အကြိမ်အဖြစ် ဝန်ခံပြောကြား ခဲ့ပြီး ယင်း လက်နက်များ နှင့် စပ်လျဉ်း၍ အနောက်နိုင်ငံများ က လေကြောင်းမှ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့မှု ထွက်ပေါ်လာပြီး နောက်ပိုင်း
ဆီးရီးယား အစိုးက ၄င်းတို့၏ ဓာတုလက်နက် ထုတ်လုပ်ရာ၌ အသုံးပြုသည့် ပစ္စည်းများကို ရုရှား အစိုးရ၏ ကြားဝင် ဖျန်ဖြေပေးမှုဖြင့် ပြည်ပ နိုင်ငံများသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
PyiChitThar

No comments:
Post a Comment