ကယ်လီဖိုးနီးယား ပြည်နယ်သားတစ်ဦးဟာ ရည်းစားဟောင်းရဲ့ခွေးကို ဟင်းချက်ပြီး သူမကို သွားကျွေးခဲ့တာမို့ ရဲက ဖမ်းဆီး အရေးယူထားခဲ့တယ်လို့ UPI သတင်းတစ်ပုဒ်က ဖော်ပြထားပါတယ်။
အသက် ၃၄ နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ မစ္စတာ ရိုင်ယန်ဝါတန်ပေါ့က ရည်းစားဟောင်းကို လှည့်ဖျားပြီး ကျွေးခဲ့တဲ့ ဟင်းလျာက သူမရဲ့ခွေးကလေး ဖြစ်နေပါတယ်။
မစ္စတာ ဝါတန်ပေါ့ဟာ တိရစ္ဆာန် ညှဉ်းပန်းမှု အပါအဝင် အခြားပြစ်မှုတွေနဲ့ အဖမ်းခံထားရပါတယ်။ သူက ရည်းစားဟောင်းကို လက်စားချေတဲ့ သဘောနဲ့ ခွေးသား ကျွေးခဲ့တာပါ။
ရည်းစား ကွဲသွားပြီးတဲ့နောက်မှာ အမျိုးသားက လာရောက်ခဲ့ပြီး ဝက်သားလို့ ပြောတဲ့ဟင်းကို အတူစားကြပြီး ဒီလူက နောက်နေ့မှ တယ်လီဖုန်း မက်ဆေ့ဂ်ျကနေ ခွေးသား ဘယ်လိုနေလဲဟု မေးကာ လှမ်းရိခဲ့တယ်လို့ ရဲက ပြောကြားပါတယ်။
ရိုင်ယန်ဝါတန်ပေါ့က ခွေးကိုသတ်ပြီး မချက်ခဲ့ဘူးလို့ ငြင်းနေပေမယ့် သူ့ဆီမှာလည်း ခွေးရဲ့အစိတ်အပိုင်းတွေ တွေရှိရတယ်လို့လည်း ရဲက ဆိုထားပါတယ်။
The Voice Weekly
No comments:
Post a Comment