အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သူ အသက် ၄၀ အရွယ် ဂျိမ်းစ်ဖိုလေအား အစ္စလာမ္မစ်စစ်သွေးကြွ IS အဖွဲ့က သတ်ဖြတ်ကြောင်း ကြေညာချက် ဗီဒီယို သြဂုတ် ၁၉ ရက်တွင် ထွက်ပေါ်လာခဲ့ပြီး နောက်ထပ် ပျောက်ဆုံးနေသည့် အမေရိကန် ဂျာနယ်လစ်တစ်ဦးဖြစ်သူ စတီဗင်ဂျိုးဆော့လို့ဖ်အား ထပ်သတ်မည်ဟု ခြိမ်းခြောက်ထားသည်။
ဖိုလေက မိမိသေဆုံးရခြင်းမှာ အမေရိကန်များကြောင့် ဖြစ်ကြောင်း ၎င်းအား မသတ်ဖြတ်မီ ကင်မရာရှေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်လေတပ်၏ အကူအညီဖြင့် အီရတ်နိုင်ငံမှ အကြီးဆုံးမိုဆူးဆည်အား ကာဒ်သူပုန်များက ပြန်လည်သိမ်းယူပြီးအပြီးတွင် IS အဖွဲ့က ယခုဗီဒီယိုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဖိုလေအား သတ်ဖြတ်ခဲ့သည်ဆိုသော IS အဖွဲ့ဝင်တစ်ဦး ပြောဆိုနေသည့် အင်္ဂလိပ်စကားမှာလည်း ဗြိတိန် လေယူလေ သိမ်းဖြစ်နေကြောင်း သိရသည်။
ဖိုလေ၏ မိခင်က သူမ၏ သားဖြစ်သူသည် ဆီရီးပြည်သူများခံစားနေရသည့် ဒုက္ခကို ကမ္ဘာက သိရှိစေ ရန် သူ့ဘ၀အတွက် အချိန်များကို ပေးဆပ်ခဲ့ကြောင်း၊ IS တပ်ဖွဲ့အနေဖြင့် ကျန်ရှိသည့် အမေရိကန်ဂျာ နယ်လစ် စတီဗင်ဂျိုးဆော့လို့ဖ်အား ထပ်မသတ်ရန် တောင်းဆိုခဲ့သည်။
“ဖမ်းထားတဲ့ သူတွေကို ထပ်မသတ်ဖို့ ကျွန်မတောင်းပန်ပါတယ်။ သူတို့ဟာ ကျွန်မရဲ့သားလိုပဲ အပြစ်မဲ့သူတွေပါ။ သူတို့အနေနဲ့ အီရတ်ပဲဖြစ်ဖြစ်၊ ဆီးရီးယားပဲဖြစ်ဖြစ် ကမ္ဘာပေါ်က ဘယ်နိုင်ငံအပေါ်မှာမဆို ချမှတ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒအပေါ်မှာ ဘာမှ လုပ်နိုင်သူ တွေမဟုတ်ပါဘူး” ဟု ဖိုလေ၏ မိခင်က ပြောကြားခဲ့သည်။
Ref:Daily Mail
No comments:
Post a Comment