အမေရိကန် မောင်းသူမဲ့ လေယာဉ်တစ်စင်း နိုင်ဂျီးရီးယားလေဆိပ် အတွင်းပျက်ကျ

US drone crashes at Niger airport


နီယာမီ ၊ ၂၂-၁၀-၂၀၁၄

အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စင်းသည် နိုင်ဂျီးရီးယား နိုင်ငံရှိ အဓိက လေဆိပ်တစ်ခု ၌ အောက်တိုဘာ ၂ဝ ရက်က ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျ ခဲ့ကြောင်း နှင့် ယင်း မတော်တဆမှု ကြောင့် ၄င်းလေဆိပ်ရှိ လေယာဉ် ပြေးလမ်းကို နာရီ ပေါင်းများ စွာကြာ ပိတ်ပစ် ခဲ့ရကြောင်း အမေရိကန် စစ်တပ်က ထုတ်ပြန် ခဲ့သည်။

MQ-9 Reaper အမျိုးအစား အဆိုပါ မောင်းသူမဲ့ လေယာဉ် သည် နီယာမီမြို့ရှိ Diori Hamoni နိုင်ငံတကာ လေဆိပ်သို့ ပျက်ကျခဲ့ခြင်း ကြောင့် လေယာဉ် ပြေးလမ်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ဒဏ်ရာရရှိသူ တစ်စုံတစ်ဦးမျှ မရှိကြောင်း အမေရိကန် လေတပ်က ထုတ်ပြန် ခဲ့သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ ခဲ့သည်။

အဆိုပါ လေဆိပ်ကို လေယာဉ်ပြေးလမ်း ပြန်လည် ပြုပြင်ရန် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၃ဝ ထိတိုင်အောင် ပိတ်ပစ်ခဲ့ကြောင်း သိရသည်။

PyiChitThar

No comments:

Post a Comment