မြန်မာစပါးကြီးမြွေ နိုင်ငံခြားသူနဲ့ မင်္ဂလာဆောင်ပြီ


မြန်မာ့စပါးကြီး Aung La Nsang တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်လိုက်ပါပြီ။
သတို့သမီးကတော့ Katherine Oliphant ဖြစ်ပါတယ်။

တိမ်ပြာပြာ နေ့တနေ့၊ နေသာတဲ့နေ့ မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ ကျင်းပတဲ့ မင်္ဂလာပွဲမြင်ကွင်း ၆ မိနစ်စာ ရုပ်သံဖိုင်ကို ဒီစာ အဆုံးမှာ ထည့်ထားပါတယ်။
အင်တာနက်မြန်နှုန်းသင့်ရင် ကြည့်လို့ အဆင်ပြေပါမယ်။

မင်္ဂလာပွဲမတိုင်ခင် တပတ်အလိုမှာ မိုးလေ၀သ ဌာနက ခန့်မှန်းခဲ့တာကတော့ ပွဲနေ့မှာ မိုးရွာနိုင်ချေ ရှိတယ် ဆိုတာပါပဲ။ အဲဒီနေ့ တခြားအချိန် ရွာချင်လည်း ရွာခဲ့ပါလိမ့်မယ်။ ရုပ်သံထဲမှာတော့ ပွဲကျင်းပချိန် နေသာလျက်ပါ။ 

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က မင်္ဂလာပွဲမြင်ကွင်းဓာတ်ပုံတချို့ကို ရုပ်သံကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
အပေါ်ဆုံးကပုံကိုတော့ သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ ယူပါတယ်။












ဧရာဝတီ

No comments:

Post a Comment