မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ နယ်၊ အင်းနက်အုပ်စု၊ မြိုင်သာယာ (ရေရှင်)ကျေးရွာတွင် (၃၁.၈. ၂၀၁၄)ရက်နေ့ (၂၂း၀၀)အချိန်၌ ဖခင်ဖြစ်သူက သားဖြစ်သူအား ဓားမဖြင့်ခုတ်သတ်သည့်အမှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
သေဆုံးသူကိုထွန်းလင်းအောင် (ဘ)ဦးမောင်စိုး၊ အသက်(၂၇) နှစ်သည် အရက်မူးယစ်နေပြီးဖခင် ဖြစ်သူ ဦးမောင်စိုးထံမှငွေတစ် သိန်းတောင်းခံခဲ့ကြောင်း၊ ဖခင် ဖြစ်သူကမပေးသဖြင့် မပေးလျှင် သတ်မည်ဟုခြိမ်းခြောက်ပြောဆို ကာ ဓားမအားလှမ်းယူစဉ်ဦးမောင် စိုးက ဓားမအားလုယူပြီး ပြန်ခုတ် ခဲ့သောကြောင့်ထွန်းလင်းအောင်မှာ လည်ပင်းညာဘက်ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိပြီး အခင်းဖြစ်နေရာ တွင်ပင် သေဆုံးသွားခဲ့ကြောင်း တကောင်းရဲစခန်းမှသိရသည်။
ဦးမောင်စိုး(ဘ)ဦးငွေဇင်၊ အသက်(၅၁)နှစ်၊ မှတ်ပုံတင်မမှတ် မိ၊ ကျဘမ်း၊ ဗမာ၊ ဗုဒ္ဓ၊ မြိုင်သာ ယာကျေးရွာနေသူအား သား ငယ်ဖြစ်သူကိုစိန်လင်းအောင်(ခ) ဖိုးစိန်က တရားလိုပြုလုပ်ကာ (၁.၉.၂၀၁၄)တွင် တကောင်း နယ်မြေရဲစခန်းသို့သွားရောက်အမှု ဖွင့်တိုင်ကြားခဲ့ရာ တကောင်းရဲ စခန်းက (ပ) ၆၅/၂၀၁၄ပြစ်မှုပုဒ် မ(၃၀၂) အရ အမှုလက်ခံရေးဖွင့် ခဲ့ပြီး စခန်းမှူးဦးထွန်းမင်းကစစ် ဆေးဆောင်ရွက်နေကြောင်းသိရ သည်။
Hot News

No comments:
Post a Comment