တရုတ်နိုင်ငံ တောင်ပိုင်းတွင် မူလတန်းကျောင်းသား လေးဦး ဓါးဖြင့် ထိုးသတ်ခံရ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသတွင် စက်တင်ဘာ ၂၆ ရက်က အမျိုးသားတစ်ဦးက မူလတန်းကျောင်းသား လေးဦးကို ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။


ဓါးဖြင့် တိုက်ခိုက်မှုများစွာ ဖြစ်ခဲ့သည့်နိုင်ငံတွင် ယခုဖြစ်ရပ်မှာ နောက်အကျဆုံး ဖြစ်ရပ်ဖြစ်သည်။

ရဲတပ်ဖွဲ့က တိုက်ခိုက်သူ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်အား ရှာဖွေလျက်ရှိသည်။

သတ်ဖြတ်မှုကိုဖြစ်စေသည့် ၄င်းအမျိုးသား၏ စေ့ဆော်မှုနှင့် ပတ်သက်၍ ရှင်ဟွာ သတင်းဌာနက အသေးစိတ် မဖော်ပြခဲ့ပေ။

Ref : Reuters

Yangon Media Group

No comments:

Post a Comment