ဒီမိုကရေစီလိုလားသော ဆန္ဒပြသူ ၂၂ ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီးထိန်းသိမ်း


ဟောင်ကောင်မြို့ သို့လာရောက်လယ်ပတ်သော တရုတ် အဆင့်မြင့် အစိုးရအရာရှိတစ်ဦးကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသော ဆန္ဒပြပွဲများမှ ဒေသခံ ဆန္ဒပြသူ အနည်းဆုံး ၂၂ ဦး ကို ဟောင်ကောင်ရဲများက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း အင်္ဂါနေ့ အစိုးရ အာဏာပိုင်များ၏ ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။
ဒီမိုကရေစီလိုလားသော ဟောင်ကောင် ဒေသခံပြည်သူများ၏ ဆန္ဒပြမှုများကြောင့် ဟောင်ကောင်မြို့သည် နိုင်ငံရေး ဂယက်ရိုက်မှုနှင့် ရင်ဆိုင်နေရပြီး တရုတ်အစိုးရက ဟောင်ကောင်မြို့ကို ချုပ်ကိုင်မှု မရှိလွတ်လပ်စွာ မြို့လူကြီး ရွေးချယ်ခွင့် ပေးရန် ငြင်းဆိုခဲ့ပြီးနောက် ဆန္ဒပြမှုများ ပိုမိုအားကောင်းလာလျှက်ရှိသည်။

Ref : AFP
စိုးမိုး
Yangon Media Group

No comments:

Post a Comment