စက်တင်ဘာလတွင် ကြေညာမည့် iPhone 6 နှင့် ပတ်သက်ပြီး အသေးစိတ်တည်ပြုချက်များ China Telecom ဆီမှ ထွက်ပေါ်လာ



Apple ရဲ့ iPhone 6 ဟာ လာမယ့် ရက်သတ္တပတ်အတွင်း ထွက်ရှိလာတော့မယ်ဆိုတာကတော့ အားလုံး သိပြီးဖြစ်ပါတယ်။ ဒါပေမယ့်လို့ တကယ်တမ်း ဘယ်လိုဒီဇိုင်းမျိုးဆိုတာကတော့ တိတိကျကျ ထွက်ရှိလာခြင်း မရှိသေးပါဘူး။ ယခုအချိန်မှာတော့ China Telecom ကနေပြီး စက်တင်ဘာလမှ ကြေညာတော့မယ့် iPhone 6 နဲ့ ပတ်သက်တဲ့ အချက်အလက် အသေးစိတ်တွေကို ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အချက်အလက်တွေဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော်လူုမှုကွန်ယက်တစ်ခုဖြစ်သည့် Weibo ဆီကနေ ရရှိလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

နည်းပညာဘလော့ဂ်တစ်ခုဖြစ်သည့် BER ရဲ့ အဆိုအရတော့ china Telecom ရဲ့ သတင်းဟာ Weibo ကနေ ရရှိလာတဲ့ အချက်အလက်တွေကို ရယူပြီး မကြာမီ ကြေညာတော့မယ့် မျိုးဆက်သစ် iPhone ရဲ့ အချက်အလက်တွေ ဖြစ်လိမ့်မယ်လိှု့ဆိုပါတယ်။ အဆိုပါ ဖုန်းအတွင်းမှာ အမျိုးအစားစုံလင်တဲ့ မိုဘိုင်းနက်ဝက်ဘ် တွေအတွက် ပါဝင်ပြီး TDD-LTE, FDD-LTE, WCDMA, CDMA2000, GSM နှင့် CDMA1X တို့အားလုံးအတွက် ပါဝင်ပါတယ်။ အဆိုပါဖုန်းဟာ တရုတ်နိုင်ငံအတွင်းမှာ ရှိတဲ့ နက်ဝက်ဘ်အားလုံးအတွက် unlock အနေနဲ့ မိုဘိုင်းကယ်ရီယာအမြောက်အများကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

iPhone 6 ဟာ အားလုံးမျှော်လင့်ထားတဲ့ ပုံစံအတိုင်း ဒီဇိုင်းအသစ်နဲ့ ပွဲထွက်လာဖွယ်ရှိပြီး မျက်နှာပြင်အကျယ် 4.7 လက်မရှိနိုင်ပါတယ်။ China Telecom ကနေ ထွက်လာတဲ့ ဓာတ်ပုံတွေအရတော့ အဆိုပါဖုန်းကို အရောင် သုံးမျိုး နဲ့ ရရှိနိုင်မှာဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ ၀ယ်လို့ရနိုင်မယ်လို့ ဆိုပါတယ်။

Ref : Pocket-Lint

No comments:

Post a Comment